Posts

Showing posts from July, 2017

#ဝင်ကစွပ်...✏

ကြုံစဖူး မြင်ဖူးမှ ယုံစဖွယ်... ဖြူနီဝါပြာတစုနှင့် ခရုထွေလာဆန်း ကမ်းကွေ့ပတ်လည်...။ ရွှေမင်တံ သံပခြုပ်နှင့် ဟန်ရုပ်ပြသွယ်သွယ် နတ်မယ်လျဆံထိုး...။ ဝင်ကစွပ် မြင်ဆွတ်ကကြည်ဖို့ရာ ဟိုသို့လာ သည်သို့သွားနှင့် အငှားခန္ဓာမြှောင်ရတယ် ဆန်းခေါင်ထိမျိုး...။ ။                           ဦးကြင်ဥ

လ​ရောင်​မူးမူးကဗျာမူးမူးတကိုယ်​​တော်ကဗျာပြခန်းမှ အမြည်း

# * * *  * * ဆီ လီ ကွန် အ ရုပ် မ နဲ့ 2in1 Relationship ………………………………………………………… သူစိမ်းမိန်းမတစ်ယောက် အိပ်ရာပေါ်က ကျွန်မနေရာမှာ လဲလျောင်းနေတယ် ကျွန်မယောက်ျားက ၂၁ရာစုဂျပန်စတိုင်လ် ဆလင်းမ်ဘော်ဒီလေးကို တပ်မက်ကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်လို့ နောက်ဆုံးပေါ် စက်ရုပ်နည်းပညာ + အဆင့်မြင့်လူသားအာရုံခံစားမှုစနစ်နဲ့ ဂျပန်နိုင်ငံထုတ် ဆီလီကွန်အရုပ်မ သူရင်သားနှစ်မြွှာဆီ ယောက်ျားမျက်နှာအပ်လိုက်ချိန် ကျွန်မရင်သားတွေရဲ့အဓိပ္ပာယ် ပျောက်ဆုံးသွားတယ် လူသား မိန်းမသားဘဝကို ခြိမ်းခြောက်စိန်ခေါ်နေတဲ့ စက်ရုပ်မ ကျွန်မ ကျိန်ဆဲသံကိုတော့ သူတို့နှစ်ယောက်လုံး ကြားနိုင်မယ် မထင် ယောက်ျားဟာ ကျွန်မကို ဂရုမစိုက် စက်ရုပ်မကို အပြင်းအထန် ဖိုက်နေတယ် စက်ရုပ်မက ပျားရည်ဆမ်းကာလ ကျွန်မရဲ့လိင်အာရုံခံစားပုံ စရိုက်သဘာဝအတိုင်း သရုပ်ဆောင် အိပ်ရာထဲ သူ့ကို ကြည့်ရတာ အိမ်ထောင်ကျခါစ ကျွန်မကိုယ်ကျွန်မ ပြန်မြင်နေရသလို " အိုးမိုင်ဂေါ့ဒ် မိုက်စ် ဆီလီကွန်အရုပ်မရဲ့အရသာက လူသားမိန်းမထက် ပိုမိုက်စ်တယ်" နံရံကပ် ကိုယ်လုံးပေါ်မှန်ထဲ ယောက်ျားတစ်ယောက်နဲ့ စက်ရုပ်မတစ်ယောက် အသက်ရှူသံတွေ မြန်ဆန်ပြင်းထန်လို့ စက်ရုပ်မက တကယ့် လူသားမိန်းမအစ...

ဒီ​နေ့ညမှာ ငါ က​ဗျာ​ရေးနိုင်​ပြီ (ပါဘလို ​နေရူဒါ)(၁၉၀၄-၁၉၇၃) ------------------------------------------------------------------------------

ဒီ​နေ့ညမှာ ​ကြေကွဲစရာ အ​ကောင်းဆုံး က​ဗျာ​တွေကို ငါ ​ရေးနိုင်​ခဲ့ပြီ ။ ဥပမာ ... `ညဟာ ပြိုကွဲပျက်​စီးသွားပြီး အပြာ​ရောင်​ကြယ်​ပွင့်​များဟာ အ​ဝေးမှာ တုန်​ယင်​​နေကြတယ်​ ` ဆိုတဲ့ က​ဗျာမျိုး ။ ည​လေဟာ ​ကောင်းကင်​အနှံ့မှာ ​လျှောက်​လည်​​နေပြီး ​တေးညည်း​နေတယ်​ ။ ဒီလိုညမျိုးမှာ ​ကြေကွဲစရာ အ​ကောင်းဆုံး က​ဗျာ​တွေကို ငါ ​ရေးနိုင်​ခဲ့ပြီ​လေ ။ သူ့ကို ငါ ချစ်​ခဲ့တယ်​ ၊ တစ်​ခါတလေမှာ သူကလည်း ငါ့ကို ချစ်​ခဲ့တယ်​ ဆိုတဲ့ က​ဗျာမျိုး ။ ဒီလိုညမျိုးမှာ ရင်​ခွင်​ထဲမှာ သူ့ကို​ ​မေ့ထားခဲ့တယ်​ ။ ဆုံးစမထင်​တဲ့ ​ကောင်းကင်​ကြီး​အောက်​မှာ သူ့ကို ထပ်​ခါ ထပ်​ခါ နမ်းခဲ့တယ်​ ဆိုတဲ့ က​ဗျာမျိုး ။ သူဟာ ငါ့ကို ချစ်​ခဲ့တယ်​ ၊ တစ်​ခါတ​လေမှာ ငါကလည်း သူ့ကို ချစ်​ခဲ့တာပါပဲ သူ့ရဲ့ ကြီးမားတည်​ငြိမ်​တဲ့ မျက်​လုံး​တွေကို ဘယ်​မှာ မချစ်​ဘဲ ​နေနိုင်​ပါ့မလဲ ဆိုတဲ့ က​ဗျာမျိုး ။ ဒီ​နေ့ညမှာ ​ကြေကွဲစရာ အ​ကောင်းဆုံး က​ဗျာ​တွေကို ငါ ​ရေးနိုင်​ပြီ​လေ ။ သူ့ကို ငါ မချစ်​​တော့ဘူးလို့ ထင်​​အောင်​လို့ သူ့ကို ငါ ဆုံးရှုံးသွားပြီဆိုတာ ခံစားနိုင်​​အောင်​လို့ ထုထည်​ကြီးတဲ့ည သူ မရှိ​တော့တဲ့အတွက်​ ပိုပြ...

( သိကြားဟစ်ဘုရားကချစ်သက်သေ )

ဒီရတုကဗျာလေးက ပုဂံ သိကြားဟစ်ဘုရားရဲ့ အတွင်းအာရုံခံလှိုဏ်နံရံ ပေါ်မှာ အင်းဝခေတ်လောက်က ရေးသွားတဲ့ အချစ်ကဗျာ မင်စာလေးပါ။ ဒီကဗျာလေးကို တွေ့ခဲ့တယ်လို့ပြောတာက ရှေးဟောင်းသုတေသနက ဆရာဦးသိန်းလွင်ပါ၊ ရှေးဟောင်းသုတေသနက ဒုညွှန် ဆရာဦးသိန်းလွင်က သူ့ရဲ့မြန်မာစာပါရဂူ ကျမ်းပြု အကဲဖြတ်စာတမ်းအတွက် ပုဂံဒေသရှိမင်စာ ကဗျာများလေ့လာချက် စာတမ်းကို ရန်ကုန်တက္ကသိုလ်မှာ ၂၃၊ အောက်တို ဘာ၊ ၂၀၁၅ က ဖတ်ပါတယ်၊ ကျွန်တော့်ကို ဒီစာတမ်းမိတ္တူတစ်စောင်ပေး ရင်း ဆရာဦးသိန်းလွင်က အရင်ကတစ်ခါမှ မတွေ့ဘူးတဲ့ပုဂံ သိကြားဟစ် ဘုရား နံရံပေါ်က မင်စာ ၃ ကြောင်းကဗျာ ရတု အတိုလေးတစ်ပုဒ်ကို သူ တွေ့ရှိထားတာကို ပြောပြပါတယ်။ အဲဒီတုန်းက ဒီရတုကဗျာလေးကို ကျွန်တော်တင်ဖူးပါတယ်၊ ဒါပေမယ့် ကဗျာလေးကို ကျွန်တော်လည်း မမြင်ဖူးပါဖူး၊ အခု ဇူလိုင်ပုဂံခရီးမှာမှာ သားဖြစ်သူရဲ့ မွေးနေ့နဲ့တိုက်ဆိုင်တော့ သားဖြစ်သူအတွက် အမှတ်တရ ဒီကဗျာလေးကို ဓါတ်ပုံရိုက်ပြီး ရှင်းလင်းချက်ကလေးကိုလည်း သူ့အတွက် မွေးနေ့ လက်ဆောင်ရေးပေးမယ် စိတ်ကူးလို့ပါ။ ပုဂံကစေတီ ပုထိုးတွေရဲ့ နံရံတွေမှာ ဗုဒ္ဓဝင်ဇာတ်နိပါတ်တွေကို ဆေး အတင့်အတယ်ရေးပြီး ကုသိုလ်ပြုလှုဒါန်းခဲ့ကြသလို၊ ဗုဒ္ဓဝင် ဇာတ်နိပါတ် ...

ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း

(၁) ၂၀ ရာစုအစောပိုင်းကာလများဟာ လူသားတို့သမိုင်းကို အကြီးမားဆုံးပြောင်းလဲပေးခဲ့တဲ့ကာလလို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး။ ပထမကမ္ဘာစစ်နဲ့ ရုရှားတော်လှန်ရေးတွေဟာ လူသားတို့ကမ္ဘာကြီးကို တပ်လှန့်လှုပ်နှိုးပစ်လိုက်သလိုပါပဲ။ စက်မှုနည်းပညာရှုထောင့်က ကြည့်ရင်တော့ ဖရွိုက်နဲ့အိုင်းစတိုင်းတို့ ရှာဖွေ တွေ့ရှိမှုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဆန်းသစ်ပစ်လိုက်သလိုပါပဲ။ စက်မှုခေတ်အဖြစ်ကို အသွင်ပြောင်းလာခဲ့တယ်ဆိုပါတော့။ လူသားသိမှုကို အစဉ်အလာဆန့်ကျင်ပြီး ပြောင်းလဲပေးလိုက်တာပါ။ ရိုးရာအရသာ သွေဖီတဲ့ဝတ္ထုနဲ့ ကဗျာလို့ ဆိုရမယ့် ဂျိမ်း(မ်)ဂျွိုက်(စ်) (Joyce) နဲ့ တီအက်(စ်)အဲလီးယော့(ထ်) တို့ရဲ့ ဝတ္ထုဖြစ်တဲ့ ယူလီဆီး(စ်) နဲ့ ဖုန်းဆိုးမြေ (Ulysses and The Waste Land) တို့ဟာ ၁၉၂၂ မှာ ပေါ်ထွက်လာတယ်။ အဲဒီလက်ရာတွေဟာ မော်ဒန်ဝါဒရဲ့ အသစ်ဖြစ်တဲ့ ခံစားမှုကို မှတ်ပုံတင်လိုက်သလိုပဲ၊ အဆက်အစပ်မဲ့အာရုံခံစားမှုက “သိမှုစရိုက်” ကို ဖော်ပြပေးခဲ့တယ်။ ဒါကြောင့်ပဲ သီအိုရီဆရာဖြစ်သူ မာရှယ်ဘားမန်း (Marshall Berman) က အဲဒီအချိန်မှာ ရှိနေတဲ့ လူသားတွေရဲ့ ဘဝကလာတဲ့ ကျိုးပဲ့နေတဲ့ အခြေအနေကပေးတဲ့ ရောင်ပြန်ဟပ်မှုဟာ မော်ဒန်သမားတွေရဲ့ အာရုံခံစားမှုကို အဓိပ္ပါယ်သတ်မ...