ဒီ​နေ့ညမှာ ငါ က​ဗျာ​ရေးနိုင်​ပြီ (ပါဘလို ​နေရူဒါ)(၁၉၀၄-၁၉၇၃) ------------------------------------------------------------------------------



ဒီ​နေ့ညမှာ ​ကြေကွဲစရာ အ​ကောင်းဆုံး
က​ဗျာ​တွေကို ငါ ​ရေးနိုင်​ခဲ့ပြီ ။

ဥပမာ ...
`ညဟာ ပြိုကွဲပျက်​စီးသွားပြီး
အပြာ​ရောင်​ကြယ်​ပွင့်​များဟာ
အ​ဝေးမှာ တုန်​ယင်​​နေကြတယ်​ ` ဆိုတဲ့
က​ဗျာမျိုး ။

ည​လေဟာ
ကောင်းကင်​အနှံ့မှာ ​လျှောက်​လည်​​နေပြီး
တေးညည်း​နေတယ်​ ။

ဒီလိုညမျိုးမှာ
ကြေကွဲစရာ အ​ကောင်းဆုံး
က​ဗျာ​တွေကို ငါ ​ရေးနိုင်​ခဲ့ပြီ​လေ ။

သူ့ကို ငါ ချစ်​ခဲ့တယ်​ ၊ တစ်​ခါတလေမှာ
သူကလည်း ငါ့ကို ချစ်​ခဲ့တယ်​ ဆိုတဲ့
က​ဗျာမျိုး ။

ဒီလိုညမျိုးမှာ
ရင်​ခွင်​ထဲမှာ သူ့ကို​ ​မေ့ထားခဲ့တယ်​ ။

ဆုံးစမထင်​တဲ့ ​ကောင်းကင်​ကြီး​အောက်​မှာ
သူ့ကို ထပ်​ခါ ထပ်​ခါ နမ်းခဲ့တယ်​ ဆိုတဲ့
က​ဗျာမျိုး ။

သူဟာ ငါ့ကို ချစ်​ခဲ့တယ်​ ၊ တစ်​ခါတ​လေမှာ
ငါကလည်း သူ့ကို ချစ်​ခဲ့တာပါပဲ
သူ့ရဲ့ ကြီးမားတည်​ငြိမ်​တဲ့ မျက်​လုံး​တွေကို
ဘယ်​မှာ မချစ်​ဘဲ ​နေနိုင်​ပါ့မလဲ ဆိုတဲ့
က​ဗျာမျိုး ။

ဒီ​နေ့ညမှာ
ကြေကွဲစရာ အ​ကောင်းဆုံး က​ဗျာ​တွေကို
ငါ ​ရေးနိုင်​ပြီ​လေ ။

သူ့ကို ငါ မချစ်​​တော့ဘူးလို့ ထင်​​အောင်​လို့
သူ့ကို ငါ ဆုံးရှုံးသွားပြီဆိုတာ
ခံစားနိုင်​​အောင်​လို့
ထုထည်​ကြီးတဲ့ည
သူ မရှိ​တော့တဲ့အတွက်
ပိုပြီး ထုထည်​ကြီးတဲ့ ညကို နား​ထောင်​ဖို့
စားကျက်​​တွေ​ပေါ်မှာ
နှင်းစက်​​တွေ ကျသလို
ကဗျာဟာ
ငါ့ဝိညာဉ်​​ပေါ်ကို ကျလာခဲ့တယ်​ ဆိုတဲ့
ကဗျာမျိုး ။

ငါ့အချစ်​ဟာ
သူ့ကို သိမ်းဆည်း မထားနိုင်​​တော့​ပေမဲ့
အ​ရေးမကြီး​တော့ပါဘူး
ညဟာ ပြိုကွဲသွားပြီး
ငါ့အနီးမှာ သူ မရှိ​တော့ပြီပဲ ဆိုတဲ့
က​ဗျာမျိုး ။

ဒါပါပဲ
အ​ဝေးမှာ တစ်​​ယောက်​က သီချင်းဆိုလို့
အ​ဝေးမှာ
ငါ့ဝိညာဉ်​ဟာ သူ့ကို ဆုံးရှုံးခဲ့ရုံနဲ့
မ​​ကျေနပ်​​သေးဘူး ။

ငါ့အမြင်​ဟာ
သူ့ဆီကို လိုက်​သွား​တော့မယ့်​ပုံ
သူ့ကို လိုက်​ရှာ​နေတယ်
အဲဒီတုန်းက
တို့နှစ်​​ယောက်​ဟာ
အတူတူ မဟုတ်​ကြ​တော့ဘူး​လေ ။

အရင်​က သစ်​ပင်​​တွေကို
အရင်​ကလို ဖြူ​ရော်​သွား​စေတဲ့ ညမျိုးမှာ
တို့နှစ်​​ယောက်​က​တော့
အရင်​ကလို မဟုတ်​​တော့ပြီဆိုတဲ့ ကဗျာမျိုး ။

ငါ သူ့ကို မချစ်​​တော့တာက​တော့
သေချာပါတယ်​ ။
ဒါ​ပေမယ့်​ သူ့ကို ဘယ်​​လောက်​ချစ်​ခဲ့ရသလဲ
ငါ့အသံဟာ
သူ့​သောတအာရုံကို ထိ​တွေ့ဖို့
လေကို ရှာဖို့ ကြိုးစားခဲ့တယ်​ ။
တခြားသူ တစ်​​ယောက်
သူဟာ
တခြားသူ တစ်​​ယောက်​ရဲ့ ချစ်သူ
ဖြစ်​​နေ​တော့မယ်
တစ်​ခါတုန်းက ငါ့အနမ်း​တွေလို​ပေါ့
သူ့အသံ သူ့ရဲ့ ​တောက်​ပတဲ့ ကိုယ်​ခန္ဓာ
သူ့ရဲ့ အဆုံးမရှိတဲ့ မျက်​လုံး​တွေ
ငါ သူ့ကို မချစ်​​တော့တာက​တော့
သေချာပါတယ်​ ။

ဒါ​ပေမယ့်​ သူ့ကို ချစ်​ချင်​လည်း ချစ်​ဦးမှာပဲ
အချစ်​ဟာ သိပ်​တို​တောင်းပြီး
မေ့​လျော့ခြင်းဟာ
သိပ်​ရှည်​လျားလှတယ်​ဆိုတဲ့ က​ဗျာမျိုး ။

ဘာဖြစ်​လို့လဲ ဆို​တော့
ဒီလိုညမျိုး​တွေမှာ
ငါဟာ သူ့ကို ရင်​ခွင်​မှာ ​ပွေ့ထားပြီး
ငါ့ဝိညာဉ်​ဟာ သူ့ကို ဆုံးရှုံးခဲ့ရုံနဲ့
မ​ကျေနပ်​​သေးဘူး ဆိုတဲ့ က​ဗျာမျိုး ။

ဒီ​ဝေဒနာဟာ
သူ့​ကြောင့်​ ခံစားရတဲ့
နောက်​ဆုံး ​ဝေဒနာ ဖြစ်​ချင်​ ဖြစ်လာမှာပဲ
ဒီ​နောက်​ဆုံး ကဗျာ​လေး​တွေကို​တော့
သူ့အတွက်​ ငါ​ရေးလိုက်​ပါတယ်​ ။

(Pablo Neruda - Tonight I Can Write)
မြန်​မာပြန်​ - ​မောင်​သစ်​တည်

Comments

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~