ငါးစီးရှင်ကျော်စွာ ကာချင်း
တမောင်းတမောင်း၊ တို့တမောင်းသည်။ တမောင်းတကောင်းသားလော။ တကောင်း တကောင်း။ အနီးမြင်မှတ်၊ စေတီထွတ်သည်၊ တောင်မြတ်သာလျောင်းလော။ သာလျောင်း သာလျောင်း။ သင်းတွဲမြောင်းကြီး၊ အယဉ်စီးသည်၊ ဖြင်ညီး မြစ်လောင်းလော။ မြစ်လောင်း မြစ်လောင်း။ ဥတည်း သည်လည်း၊ ဥတည်းရံဝန်း၊ ပြသွန်းသွန်းသည်၊ ထက်ဝန်းတန်းဆောင်းလော။ တန်းဆောင်း တန်းဆောင်း။ ပေါင်းကွက်စေ့ပျဉ်၊ နန်းရင်ပြင်ကား၊ ဆင်လျှင် နင်းကောင်းလော။ နင်းကောင်း နင်းကောင်း။ တရုပ်လာသည်၊ ရိုင်ရိုင်လော။ ရိုင်ရိုင်။ မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော။ ဖြိုင်ဖြိုင်။ လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလော။ လတိုင်း လတိုင်း။ မြင်းသည်သိန်းသန်း၊ များစွာလွန်းသည်၊ ထက်ဝန်းရံသ။ မနိုင် မနိုင်။ လျှပ်စစ်တိမ်ပြင်၊ မှိုင်းလွင်သည်လည်း။ လွင်သည်လည်း။ တိမ်သည်မည်းမည်း၊ မည်းသည်လည်း။ မည်းသည်လည်း။ တိမ်မည်းတက်ရာ၊ မိုးသေးပါ၍၊ ရွာသည့်မိုးကား။ ရိုက်ကြိုးကြည်းသည်လည်း။ ကြည်းသည်လည်း။ ရွာသည်အသည်း၊ ရေချည်းဖြင်သည်လည်း။ ဖြင်သည်လည်း။ ကန်သင်းမွေမမြင်သည်လည်း။ မမြင်သည်လည်း။ အရိုင်းမနေချင်သည်လည်း။ မနေချင်သည်လည်း။ ပြေးလျှင်တစီး၊ မြင်းသည်လည်း။ မြင်းသည်လည်း။ နှင်တံမကမ်း ခင်သည်လည်း။ မကမ်းခင်သည်လည်း။ တာဝတိံသာ၊ နတ်ရွာလော။ နတ်ရွာလော။ ဟုတ်တည်းသျှင်ချင်း၊ သျှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ ဟုတ်တည်းသည်းရင်း သည်းရင်း။ မြင်းစိုင်းဟူသည်။ ရွှေပြည် ရွှေပြည်။ မြင်းစိုင်းရွှေမြေ။ ပန်းသင်းခွေ၊ ပင်ခြေချုံထက်နွယ်။ ချုံထက်နွယ်။ တောင်လေရှုန်းရှုန်း၊ မိုးခတ်အုန်း၊ကင်ပုန်းပွင့်ချီချယ်။ ပွင့်ချီချယ်။ နွယ်ပန်းခွါညို၊ ပွင့်ပေလို၊ ပြသိုဆောင်းလလယ်။ ဆောင်းလလယ်။ တောင်ထွတ်ဖျားဆီ၊ ရွှေစာတီ၊ သရီရဓါတ်စွယ်။ သရီရဓါတ်စွယ်။ ယာဆီမြေကောင်း၊ ကျသည့် ကျသည့်ပြောင်း။ မနှောင်း မှည့်ဆောလွယ်။ မှည့်ဆောလွယ်။ ခါနှင့်ဘုတ်ချိုး၊ ကြက်တောမျိုး၊ လိုစိုးကျက်မြေကျယ် ကျက်မြေကျယ်။ ယှဉ်ဘော်မဝေး၊ ဖော်ရွှေကျေး၊ စာနွေးစားလိုဘွယ်။ စားလိုဘွယ်။ |
Comments
Post a Comment