ပါရမီဖြည့်စမို့
ပါရမီဖြည့်စမို့ ကြည့်ဘုရာ့သခင်၊
အလှည့်ကျမဆင်ပြီ အရင်လိုမနွဲ့၊
အနီနှင့်အပြာကိုပယ်မယ်၊
အ၀ါထယ်ကလေးနဲ့ တော်ရယ့်။
တခွန်းထက်နှစ်ခွန်း မဆိုပြီ၊ အလွမ်းကိုမချဲ့။
ကျွန်းညိုညို ဟိုအလှည့်၊ ငိုမဲ့မဲ့တားရှာ၊
ရွှေနောက်ဆံ မယ်မတင်းရအောင်၊
ငယ်စာရင်းဖျက်လိုက်ပါ့ဖျာ။ ။
အပြစ်ကြောင့် မချစ်သာပြီ၊
အသစ်ရှာ ပေါင်းရစ်တော့၊
ထနောင်းနှင့် ခအောင်းနှစ်ပင်၊ ဒါးထစ်စို့ရှင်။
နိဗ္ဗိန္ဓကမ္မဌာန်းဝင်မယ်၊ စခန်းစဉ် နီးအောင်ပလေး။
အနောက်နန်းမမြလေး
Comments
Post a Comment