သမိုင်းငိုသံအောက်က အနာဂါတ်လမ်း”



မျိုးခြားရန်မူ နယ်ချဲ့ သူရို့
အပူမီးတိုက် ဒုက္ခဖြစ်အောင်
မှောင်မိုက်ဘဝ ဆောင်းနှင်းလမာ
ပြာကျမီးလောင် ထီးနန်းဆောင်လေ့
ပြောင်စင်ဖြိုဖျက် ဘဝပျက်ယောင်
ရက်စက်ယုတ်မာ ပြုခပါသည်
နာကြင်ဝေဒနာပါတကား...။

စည်းလုံးခြင်းမှောက် မျိုးခြားအောက်မာ
ပြိုပျောက်ထီးနန်း သောကလမ်းထဲ
ဝမ်းနည်းကြမ္မာ မျက်ရည်ရွာ၍
နာကြင်ခလီ နာကြင်စီ၏...။

သက်ကြီးဝါကြီး သွီးချောင်းစီး၍
လူကြီးလူငယ် မယှောင်ဖယ်ဘဲ
ပင်လယ်သွီးဖြစ် ဒုက္ခမြစ်မာ
သတ်ပစ်ခြွီချ၊ သီခရသည်...။

အမွီပျောက်ဆုံး သမိုင်းတုံးယောင်
မျိုးပြုန်းသတ်ဖြတ် ရက်စက်တတ်စွာ
ဒုက္ခနာစွဲ မျက်ဝန်းထဲမာ
ဝဲခမျက်ရည် ဖြယ်မပြေ၍
ဝေဒနာလောင်မြစ် အသဲနစ်ယောင်
ပူလောင်သောက ဖြစ်ကတ်ရကာ
မိမရနှိုင် ဂနိတိုင်၏...။

နှစ်ပေါင်းကြာညောင်း ဘဝပြောင်းချင်
အဟောင်းပြောင်းလဲ အသစ်မြဲဖို့
ဇွဲလုံ့လထူ လက်တွဲကူ၍
ညီတူတွဲလျှောက် ပန်းတိုင်ရောက်ဖို့
မပျောက်သစ္စာ သမိုင်းနာကို
ရင်မာမချိ၊ ငါရို့သိစီ
မမိလီဘဲ အသိထဲမာ
အမြဲစွဲမှတ် အနာဂါတ်သို့
သိ,တတ်,ပညာ သင်္ခန်းစာဖြင့်
သစ္စာမဖောက် အသိရောက်၍
မပျောက်စည်းရုံး ရွတ်အောင်ရုန်းဖို့
အားလုံးလက်တွဲ သွီးမကွဲဘဲ
မခွဲမခွါ မကွဲကွာစီ
လေးဝတီဖွား ရခိုင်သားရို့.....။

(ရခိုင်နိုင်ငံတော်ကျဆုံးခရရေ
ဒီဇိန်ဘာ31ရက်နိအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် )

သစ္စာခိုင်

Comments

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~