ရှင်အုံးညို
ရှင်အုံးညို
( က ) ပွင့်ထုံးဆန်း
ရတနာပူရ ရွှေဝမြောက်ပါး မြစ်ကမ်းနားခိုင်း စစ်ကိုင်းချောက်ယံ စင်္ကြအနား ဥယျဉ်ဖျားဝယ် ဖြူ ထွားဝတ်ဆံ ဖူးခွံနီလာ ထွတ်ထွတ်ပြာသား မြညှာနွယ်ပန်း ပွင့်ထူးဆန်းသည် ၊ ပြည့်ဝန်းပြာသိုလလယ်သောဝ် ။
အောင်မြေအချက် ကျွန်းသန်လျက်ဝယ် ကျောက်စက်ယဉ်ဟုန် နည်မမှုန်သည် စမုန်သီတာ မက္ခရာနှင့် သုံးဖြာမြစ်မ ပေါင်းရစ်ကြသည် နန်းမရှေ့ဘက် ကြက်ယက်တောင်ပါး အင်းယံနားဝယ် နတ်များစိုက်လှာ အလိုငှါလျှင် များစွာပွင့်ငုံ ကြာမျိုးစုံသည် ၊မြစ်ဆုံဧရာဝ ဝယ်သောဝ် ။
ငါးမည်မျိုးတွင် အရိုးသန္တာ နှစ်စုံမြွာသား နီလာချပ်ရံ ဝတ်ဆံပုလဲ မြပေါက်ကြဲသို့ ရခဲထူးဆန်း ဆောင်းတွင်းပန်းကို ကြငှန်းဇမ္ဗူ ကျိုက်ဆူကြည်ညွတ် ပုညထွတ်ဝယ် စိတ်ပြတ်သဒ္ဓါ မိတေးယာ၌ ကျွတ်ခါအထူးတင်ဆက်လှူ သည် ၊ အိမ်သူရှင်သာမမယ်သောဝ် ။

Comments
Post a Comment