Posts

Showing posts from 2017

ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း

(၁) ၂၀ ရာစုအစောပိုင်းကာလများဟာ လူသားတို့သမိုင်းကို အကြီးမားဆုံးပြောင်းလဲပေးခဲ့တဲ့ကာလလို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး။ ပထမကမ္ဘာစစ်နဲ့ ရုရှားတော်လှန်ရေးတွေဟာ လူသားတို့ကမ္ဘာကြီးကို တပ်လှန့်လှုပ်နှိုးပစ်လိုက်သလိုပါပဲ။ စက်မှုနည်းပညာရှုထောင့်က ကြည့်ရင်တော့ ဖရွိုက်နဲ့အိုင်းစတိုင်းတို့ ရှာဖွေ တွေ့ရှိမှုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဆန်းသစ်ပစ်လိုက်သလိုပါပဲ။ စက်မှုခေတ်အဖြစ်ကို အသွင်ပြောင်းလာခဲ့တယ်ဆိုပါတော့။ လူသားသိမှုကို အစဉ်အလာဆန့်ကျင်ပြီး ပြောင်းလဲပေးလိုက်တာပါ။ ရိုးရာအရသာ သွေဖီတဲ့ဝတ္ထုနဲ့ ကဗျာလို့ ဆိုရမယ့် ဂျိမ်း(မ်)ဂျွိုက်(စ်) (Joyce) နဲ့ တီအက်(စ်)အဲလီးယော့(ထ်) တို့ရဲ့ ဝတ္ထုဖြစ်တဲ့ ယူလီဆီး(စ်) နဲ့ ဖုန်းဆိုးမြေ (Ulysses and The Waste Land) တို့ဟာ ၁၉၂၂ မှာ ပေါ်ထွက်လာတယ်။ အဲဒီလက်ရာတွေဟာ မော်ဒန်ဝါဒရဲ့ အသစ်ဖြစ်တဲ့ ခံစားမှုကို မှတ်ပုံတင်လိုက်သလိုပဲ၊ အဆက်အစပ်မဲ့အာရုံခံစားမှုက “သိမှုစရိုက်” ကို ဖော်ပြပေးခဲ့တယ်။ ဒါကြောင့်ပဲ သီအိုရီဆရာဖြစ်သူ မာရှယ်ဘားမန်း (Marshall Berman) က အဲဒီအချိန်မှာ ရှိနေတဲ့ လူသားတွေရဲ့ ဘဝကလာတဲ့ ကျိုးပဲ့နေတဲ့ အခြေအနေကပေးတဲ့ ရောင်ပြန်ဟပ်မှုဟာ မော်ဒန်သမားတွေရဲ့ အာရုံခံစားမှုကို အဓိပ္ပါယ်သတ်မှ...

ရှင်အုံးညို

ရှင်အုံးညို ( က ) ပွင့်ထုံးဆန်း ရတနာပူရ ရွှေဝမြောက်ပါး မြစ်ကမ်းနားခိုင်း စစ်ကိုင်းချောက်ယံ စင်္ကြအနား ဥယျဉ်ဖျားဝယ် ဖြူ ထွားဝတ်ဆံ ဖူးခွံနီလာ ထွတ်ထွတ်ပြာသား မြညှာနွယ်ပန်း ပွင့်ထူးဆန်းသည် ၊ ပြည့်ဝန်းပြာသိုလလယ်သောဝ် ။ အောင်မြေအချက် ကျွန်းသန်လျက်ဝယ် ကျောက်စက်ယဉ်ဟုန် နည်မမှုန်သည် စမုန်သီတာ မက္ခရာနှင့် သုံးဖြာမြစ်မ ပေါင်းရစ်ကြသည် နန်းမရှေ့ဘက် ကြက်ယက်တောင်ပါး အင်းယံနားဝယ် နတ်များစိုက်လှာ အလိုငှါလျှင် များစွာပွင့်ငုံ ကြာမျိုးစုံသည် ၊မြစ်ဆုံဧရာဝ ဝယ်သောဝ် ။ ငါးမည်မျိုးတွင် အရိုးသန္တာ နှစ်စုံမြွာသား နီလာချပ်ရံ ဝတ်ဆံပုလဲ မြပေါက်ကြဲသို့ ရခဲထူးဆန်း ဆောင်းတွင်းပန်းကို ကြငှန်းဇမ္ဗူ  ကျိုက်ဆူကြည်ညွတ် ပုညထွတ်ဝယ် စိတ်ပြတ်သဒ္ဓါ မိတေးယာ၌ ကျွတ်ခါအထူးတင်ဆက်လှူ သည် ၊ အိမ်သူရှင်သာမမယ်သောဝ် ။

#ဝင်ကစွပ်...✏

ကြုံစဖူး မြင်ဖူးမှ ယုံစဖွယ်... ဖြူနီဝါပြာတစုနှင့် ခရုထွေလာဆန်း ကမ်းကွေ့ပတ်လည်...။ ရွှေမင်တံ သံပခြုပ်နှင့် ဟန်ရုပ်ပြသွယ်သွယ် နတ်မယ်လျဆံထိုး...။ ဝင်ကစွပ် မြင်ဆွတ်ကကြည်ဖို့ရာ ဟိုသို့လာ သည်သို့သွားနှင့် အငှားခန္ဓာမြှောင်ရတယ် ဆန်းခေါင်ထိမျိုး...။ ။                           ဦးကြင်ဥ

လ​ရောင်​မူးမူးကဗျာမူးမူးတကိုယ်​​တော်ကဗျာပြခန်းမှ အမြည်း

# * * *  * * ဆီ လီ ကွန် အ ရုပ် မ နဲ့ 2in1 Relationship ………………………………………………………… သူစိမ်းမိန်းမတစ်ယောက် အိပ်ရာပေါ်က ကျွန်မနေရာမှာ လဲလျောင်းနေတယ် ကျွန်မယောက်ျားက ၂၁ရာစုဂျပန်စတိုင်လ် ဆလင်းမ်ဘော်ဒီလေးကို တပ်မက်ကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်လို့ နောက်ဆုံးပေါ် စက်ရုပ်နည်းပညာ + အဆင့်မြင့်လူသားအာရုံခံစားမှုစနစ်နဲ့ ဂျပန်နိုင်ငံထုတ် ဆီလီကွန်အရုပ်မ သူရင်သားနှစ်မြွှာဆီ ယောက်ျားမျက်နှာအပ်လိုက်ချိန် ကျွန်မရင်သားတွေရဲ့အဓိပ္ပာယ် ပျောက်ဆုံးသွားတယ် လူသား မိန်းမသားဘဝကို ခြိမ်းခြောက်စိန်ခေါ်နေတဲ့ စက်ရုပ်မ ကျွန်မ ကျိန်ဆဲသံကိုတော့ သူတို့နှစ်ယောက်လုံး ကြားနိုင်မယ် မထင် ယောက်ျားဟာ ကျွန်မကို ဂရုမစိုက် စက်ရုပ်မကို အပြင်းအထန် ဖိုက်နေတယ် စက်ရုပ်မက ပျားရည်ဆမ်းကာလ ကျွန်မရဲ့လိင်အာရုံခံစားပုံ စရိုက်သဘာဝအတိုင်း သရုပ်ဆောင် အိပ်ရာထဲ သူ့ကို ကြည့်ရတာ အိမ်ထောင်ကျခါစ ကျွန်မကိုယ်ကျွန်မ ပြန်မြင်နေရသလို " အိုးမိုင်ဂေါ့ဒ် မိုက်စ် ဆီလီကွန်အရုပ်မရဲ့အရသာက လူသားမိန်းမထက် ပိုမိုက်စ်တယ်" နံရံကပ် ကိုယ်လုံးပေါ်မှန်ထဲ ယောက်ျားတစ်ယောက်နဲ့ စက်ရုပ်မတစ်ယောက် အသက်ရှူသံတွေ မြန်ဆန်ပြင်းထန်လို့ စက်ရုပ်မက တကယ့် လူသားမိန်းမအစ...

ဒီ​နေ့ညမှာ ငါ က​ဗျာ​ရေးနိုင်​ပြီ (ပါဘလို ​နေရူဒါ)(၁၉၀၄-၁၉၇၃) ------------------------------------------------------------------------------

ဒီ​နေ့ညမှာ ​ကြေကွဲစရာ အ​ကောင်းဆုံး က​ဗျာ​တွေကို ငါ ​ရေးနိုင်​ခဲ့ပြီ ။ ဥပမာ ... `ညဟာ ပြိုကွဲပျက်​စီးသွားပြီး အပြာ​ရောင်​ကြယ်​ပွင့်​များဟာ အ​ဝေးမှာ တုန်​ယင်​​နေကြတယ်​ ` ဆိုတဲ့ က​ဗျာမျိုး ။ ည​လေဟာ ​ကောင်းကင်​အနှံ့မှာ ​လျှောက်​လည်​​နေပြီး ​တေးညည်း​နေတယ်​ ။ ဒီလိုညမျိုးမှာ ​ကြေကွဲစရာ အ​ကောင်းဆုံး က​ဗျာ​တွေကို ငါ ​ရေးနိုင်​ခဲ့ပြီ​လေ ။ သူ့ကို ငါ ချစ်​ခဲ့တယ်​ ၊ တစ်​ခါတလေမှာ သူကလည်း ငါ့ကို ချစ်​ခဲ့တယ်​ ဆိုတဲ့ က​ဗျာမျိုး ။ ဒီလိုညမျိုးမှာ ရင်​ခွင်​ထဲမှာ သူ့ကို​ ​မေ့ထားခဲ့တယ်​ ။ ဆုံးစမထင်​တဲ့ ​ကောင်းကင်​ကြီး​အောက်​မှာ သူ့ကို ထပ်​ခါ ထပ်​ခါ နမ်းခဲ့တယ်​ ဆိုတဲ့ က​ဗျာမျိုး ။ သူဟာ ငါ့ကို ချစ်​ခဲ့တယ်​ ၊ တစ်​ခါတ​လေမှာ ငါကလည်း သူ့ကို ချစ်​ခဲ့တာပါပဲ သူ့ရဲ့ ကြီးမားတည်​ငြိမ်​တဲ့ မျက်​လုံး​တွေကို ဘယ်​မှာ မချစ်​ဘဲ ​နေနိုင်​ပါ့မလဲ ဆိုတဲ့ က​ဗျာမျိုး ။ ဒီ​နေ့ညမှာ ​ကြေကွဲစရာ အ​ကောင်းဆုံး က​ဗျာ​တွေကို ငါ ​ရေးနိုင်​ပြီ​လေ ။ သူ့ကို ငါ မချစ်​​တော့ဘူးလို့ ထင်​​အောင်​လို့ သူ့ကို ငါ ဆုံးရှုံးသွားပြီဆိုတာ ခံစားနိုင်​​အောင်​လို့ ထုထည်​ကြီးတဲ့ည သူ မရှိ​တော့တဲ့အတွက်​ ပိုပြ...

( သိကြားဟစ်ဘုရားကချစ်သက်သေ )

ဒီရတုကဗျာလေးက ပုဂံ သိကြားဟစ်ဘုရားရဲ့ အတွင်းအာရုံခံလှိုဏ်နံရံ ပေါ်မှာ အင်းဝခေတ်လောက်က ရေးသွားတဲ့ အချစ်ကဗျာ မင်စာလေးပါ။ ဒီကဗျာလေးကို တွေ့ခဲ့တယ်လို့ပြောတာက ရှေးဟောင်းသုတေသနက ဆရာဦးသိန်းလွင်ပါ၊ ရှေးဟောင်းသုတေသနက ဒုညွှန် ဆရာဦးသိန်းလွင်က သူ့ရဲ့မြန်မာစာပါရဂူ ကျမ်းပြု အကဲဖြတ်စာတမ်းအတွက် ပုဂံဒေသရှိမင်စာ ကဗျာများလေ့လာချက် စာတမ်းကို ရန်ကုန်တက္ကသိုလ်မှာ ၂၃၊ အောက်တို ဘာ၊ ၂၀၁၅ က ဖတ်ပါတယ်၊ ကျွန်တော့်ကို ဒီစာတမ်းမိတ္တူတစ်စောင်ပေး ရင်း ဆရာဦးသိန်းလွင်က အရင်ကတစ်ခါမှ မတွေ့ဘူးတဲ့ပုဂံ သိကြားဟစ် ဘုရား နံရံပေါ်က မင်စာ ၃ ကြောင်းကဗျာ ရတု အတိုလေးတစ်ပုဒ်ကို သူ တွေ့ရှိထားတာကို ပြောပြပါတယ်။ အဲဒီတုန်းက ဒီရတုကဗျာလေးကို ကျွန်တော်တင်ဖူးပါတယ်၊ ဒါပေမယ့် ကဗျာလေးကို ကျွန်တော်လည်း မမြင်ဖူးပါဖူး၊ အခု ဇူလိုင်ပုဂံခရီးမှာမှာ သားဖြစ်သူရဲ့ မွေးနေ့နဲ့တိုက်ဆိုင်တော့ သားဖြစ်သူအတွက် အမှတ်တရ ဒီကဗျာလေးကို ဓါတ်ပုံရိုက်ပြီး ရှင်းလင်းချက်ကလေးကိုလည်း သူ့အတွက် မွေးနေ့ လက်ဆောင်ရေးပေးမယ် စိတ်ကူးလို့ပါ။ ပုဂံကစေတီ ပုထိုးတွေရဲ့ နံရံတွေမှာ ဗုဒ္ဓဝင်ဇာတ်နိပါတ်တွေကို ဆေး အတင့်အတယ်ရေးပြီး ကုသိုလ်ပြုလှုဒါန်းခဲ့ကြသလို၊ ဗုဒ္ဓဝင် ဇာတ်နိပါတ် ...

ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း

(၁) ၂၀ ရာစုအစောပိုင်းကာလများဟာ လူသားတို့သမိုင်းကို အကြီးမားဆုံးပြောင်းလဲပေးခဲ့တဲ့ကာလလို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး။ ပထမကမ္ဘာစစ်နဲ့ ရုရှားတော်လှန်ရေးတွေဟာ လူသားတို့ကမ္ဘာကြီးကို တပ်လှန့်လှုပ်နှိုးပစ်လိုက်သလိုပါပဲ။ စက်မှုနည်းပညာရှုထောင့်က ကြည့်ရင်တော့ ဖရွိုက်နဲ့အိုင်းစတိုင်းတို့ ရှာဖွေ တွေ့ရှိမှုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဆန်းသစ်ပစ်လိုက်သလိုပါပဲ။ စက်မှုခေတ်အဖြစ်ကို အသွင်ပြောင်းလာခဲ့တယ်ဆိုပါတော့။ လူသားသိမှုကို အစဉ်အလာဆန့်ကျင်ပြီး ပြောင်းလဲပေးလိုက်တာပါ။ ရိုးရာအရသာ သွေဖီတဲ့ဝတ္ထုနဲ့ ကဗျာလို့ ဆိုရမယ့် ဂျိမ်း(မ်)ဂျွိုက်(စ်) (Joyce) နဲ့ တီအက်(စ်)အဲလီးယော့(ထ်) တို့ရဲ့ ဝတ္ထုဖြစ်တဲ့ ယူလီဆီး(စ်) နဲ့ ဖုန်းဆိုးမြေ (Ulysses and The Waste Land) တို့ဟာ ၁၉၂၂ မှာ ပေါ်ထွက်လာတယ်။ အဲဒီလက်ရာတွေဟာ မော်ဒန်ဝါဒရဲ့ အသစ်ဖြစ်တဲ့ ခံစားမှုကို မှတ်ပုံတင်လိုက်သလိုပဲ၊ အဆက်အစပ်မဲ့အာရုံခံစားမှုက “သိမှုစရိုက်” ကို ဖော်ပြပေးခဲ့တယ်။ ဒါကြောင့်ပဲ သီအိုရီဆရာဖြစ်သူ မာရှယ်ဘားမန်း (Marshall Berman) က အဲဒီအချိန်မှာ ရှိနေတဲ့ လူသားတွေရဲ့ ဘဝကလာတဲ့ ကျိုးပဲ့နေတဲ့ အခြေအနေကပေးတဲ့ ရောင်ပြန်ဟပ်မှုဟာ မော်ဒန်သမားတွေရဲ့ အာရုံခံစားမှုကို အဓိပ္ပါယ်သတ်မ...

“စာပေသီအိုရီ ဘာလဲ”။

 ဒါပြောဖို့လိုတယ်။ အရေးလည်းကြီးတယ်။ ပုစ္ဆာဆိုတာ တကယ်တော့ သီအိုရီရဲ့ တစ်စိတ်တစ်ဒေသဖြစ်နေတယ်။ ပညာရပ်ဆိုင်ရာအသုံးကို ခြုံကြည့်ရင် သီအိုရီ နှစ်မျိုးနှစ်စားသာ ရှိပါတယ် လို့ ဂျော်နသန်ကူးလားက သူ့စာအုပ် (Literary Theory, 2011) မူမှာတော့ ပညာရပ်ဆိုင်ရာ “term” အနေနဲ့ ကျွန်တော်တို့ ၁။ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာသုံးတဲ့ သီအိုရီ (အချိုး(ဝါ)အပိုင်းကိန်းများ၏အစုကဲ့သို့) ၂။ အရပ်ပြောသီအိုရီ (most ordinary use of the world theory) တို့ ဖြစ်ကြသည်။ “ဘာကြောင့်လော်ရာနဲ့မိုက်ကယ်ကွဲသွားလဲ? ငါ့သီအိုရီကတော့ . . .” လူတွေအဲဒီလိုပြောလေ့ရှိတယ်။ကောင်းပြီ။ ပညာရပ်နယ်ပယ်မှာ သီအိုရီကို ဘယ်လိုသုံးကြသလဲ။ ဒါကို သေချာကွဲပြားအောင် သိရမယ်။ သီအိုရီဟာ ခန့်မှန်းခြင်း “guess” မဟုတ်။ ဆိုလိုသည်မှာ သီအိုရီသည် တွေးမြင်ယူဆချက်မဟုတ်ပေ။ သို့ပါလျှင် ယခု ကျွန်တော်တို့ပြောဆိုမည့် သီအိုရီသည် မည်သည့်အရာကို ဆိုလိုပါသနည်း။ သီအိုရီသည် ခန့်မှန်းခြင်း (guess) နှင့် ကွဲပြားရသောအကြောင်းမှာ “guess” သည် ကုပ်တွေးမိတာက . . . လော်ရာဟာ မိုက်ကယ်မွှေတဲ့အတွက်ကြောင့် အတော်ပင်ပန်းနေပြီ၊ ဒါပေမယ့် သူတို့မိတ်ဆွေ မေရီ ဒီကိုလာမှပဲ ငါတို့သေချာသိရမယ်။ ဒါက ခန...

(မောနင်းစတားစာစုများ - ၃)

ဒီအိုင်ချင်းကဗျာလေးတွေကို နားလည်သမျှဉာဏ်စွမ်းနဲ့ချဉ်းကပ်ပြီး ပြန်ပြောပြတဲ့ စာစုလေးတွေမှာ ညှင်းကို ဘယ်ကပွားသလည်းတော် ဆိုတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ ဒီကဗျာလေးကနေ စ ရေးဖြစ်ခဲ့သလို၊ မောနင်းစတားလက်ဖက်ရည်ဆိုင်မှာပဲ ထိုင်ရေးပြီး ပြီးတာနဲ့ Post လုပ်ခဲ့တာမှာ ချစ်ခင်စွာဖြင့် ဒီဇိုင်းမျိုးဆွေသန်း၊ ၉၊ မတ်လ၊ ၂၀၁၅ အခုမောနင်းစတား လို့တွေ့ပါတယ်။ ( တောင်တွင်းကရှင်ငြိမ်းမယ်နှင့် ညှင်းအုံကို အကုန်မရသေးသည့် မြန်မာစာပေသစ်) ညောင်ရမ်းခေတ်က မြန်မာစာပေသမိုင်းမှာ စာပေသစ်တွေအပေါ်ထွန်းဆုံးကာလပဲ ဖြစ်တယ်၊ ရှေးက ရေးဖွဲ့ခဲ့လေသမျှက နန်းတော်တွင်းမြင်ကွင်းများ၊ ဘုရားဟောဇာတ် နိပါတ် အဌကထာများ၊ ဘုရင်ဘုန်းတော်ဘွဲ့များ ဘုရင့်သမီးတော်များကို ရေးဖွဲ့ကြတဲ့ အကြောင်းအရာတွေပဲ ဖြစ်ခဲ့တော့ ပျို့၊ ရတု၊ ဧချင်း စတဲ့ပုံသဏ္ဍာန်တွေနဲ့ပဲ ရေးဖွဲ့ခဲ့ရာ ကနေ၊ တောသူတောင်သား၊ သာမာန် အသည်သားတွေ အကြောင်းနဲ့ သူတို့ရဲ့ ဘဝ ပတ်ဝန်းကျင်ကို ရေးဖွဲ့လိုတဲ့ အတွက် အကြောင်းအရာကနေ တောင်းဆိုလို့ ပေါ်ပေါက် လာတဲ့ အရေးအဖွဲ့ ပုံသဏ္ဍန်တွေ ထဲမှာ ရှင်ငြိမ်းမယ်ရဲ့ မိန်းမပျိုသူငယ်ချင်း အချင်းချင်း တ ခေါ်ပြီး ရွတ်ဆိုရတဲ့ အိုင်ချင်း ဆိုတဲ့ ကဗျာလေးတွေလည်း ပါဝင...
လူငယ်ကဗျာဆရာ ကိုသျှား၊ လင်းလက်တာရာ၊ ကျော်ဦး(လှိုင်) တို့နဲ့ အွန်လိုင်းလူငယ်ကဗျာစကားဝိုင်း ၁။ အောင်ချိမ့်အစ မိုဃ်းဇော် အဆုံး ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေ ဆက် မဖန်တီးနိုင်တော့ဘဲ ခေတ်ပေါ်ကဗျာအဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ကိုယ် ထင်တယ်။ အာရုံခံစားပုံ လတ်ဆတ်ပြီး လူငယ်ဆန်တဲ့ နေမျိုး၊ ပိုင်၊ မောင်ဆေးရိုး၊ မင်းဆွေနှစ်၊ နိုင်မွန်အောင်သွင်၊ ခရမ်းပြာထက်လူ၊ ခိုင်မြဲကျော်စွာ၊ မောင်ဖီလာ၊ ကိုရွေး သူတို့ကတော့ ခြွင်းချက်ပေါ့လေ။ ကဲ ညီလေးတို့ အမြင်ကို ပြောပါဦး။ ကိုသျှား  - ပင်မရေစီး ခေတ်ပေါ်ကဗျာခေတ်တုန်းက အနုပညာသြဇာနဲ့ ၀ါသမ္ဘာ တည်ဆောက်နိုင်ခဲ့ကြတဲ့ ၀ါရင့်ကဗျာဆရာ အများစု အနေနဲ့ ခေတ်နဲ့အညီ ကဗျာရေးဟန်အသစ်တွေ ဆက်မဖန်တီးနိုင်တော့ဘဲခေတ်ပေါ်ကဗျာ အဟောင်းထဲမှာပဲ ရပ်တန့်ကျန်နေခဲ့ကြပြီလို့ ယတိပြတ်ပြောနိုင်သူတွေ ရှိသလို တမင်သက်သက် ချန်နေရစ်ခဲ့ကြတဲ့ကဗျာဆရာ တွေလည်း အသေအချာ ရှိမယ်လို့ ထင်ပါတယ်။အဲဒါကလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာပေါ့။ကမ္ဘာကြီးဟာ ပြောင်း လဲနေတယ်။ခေတ်တွေစနစ်တွေဟာ ပြောင်းလဲေ...

လူမိုက်တွေရဲ့ကမ္ဘာ ကဗျာစာအုပ်

(မိုးမခ) ဇွန် ၁၆၊ ၂၀၁၅ ကဗျာဆရာအမည် -  စမ်းစမ်းတင် အမှာစာ              -  စမ်းစမ်းတင်၊ ကြည်အေး ထုတ်တဲ့နှစ်          - ၂၀၁၅ မတ် ထုတ်ဝေသူ          -  ဦးလပြည်ဝေး၊ ဆန်းစသော်တာစာအုပ်တိုက်၊ ရန်ကုန်၊ စာမျက်နှာ           -   ၉၀။     ကဗျာပုဒ်ရေ- ၆၁ ပုဒ် စာအုပ်တန်ဖိုး       -  ၁၅၀၀ ကျပ်          ပြည်ပမှာ ဆန္ဒပြကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ ကျောင်းဆရာတွေ၊ သံဃာတော်တွေအပြင် ကဗျာဆရာတွေလည်းပါလာတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုမှာ ကဗျာဆရာကြီးငယ်၊ ကျား မ မျိုးစုံရှိတယ်၊ လော့စ်အိန်ဂျဲလိစ်မြို့မှာ ကဗျာဆရာ တင်မိုးနဲ့ အမြဲတွဲခဲ့သူ 'ကိုသက်' ဆိုတာ ကဗျာစာအုပ်ထုတ်ဖူးတယ်၊ 'ငြိမ်းချမ်းတဲ့ ကမ္ဘာ'တဲ့၊ ကိုသက်က ရဟန်းစာဆိုပါ၊     ပြည်ပကို အစောဆုံးရောက်နေတဲ့ ကဗ...