“စာပေသီအိုရီ ဘာလဲ”။
ဒါပြောဖို့လိုတယ်။ အရေးလည်းကြီးတယ်။ ပုစ္ဆာဆိုတာ တကယ်တော့ သီအိုရီရဲ့ တစ်စိတ်တစ်ဒေသဖြစ်နေတယ်။ ပညာရပ်ဆိုင်ရာအသုံးကို ခြုံကြည့်ရင် သီအိုရီ နှစ်မျိုးနှစ်စားသာ ရှိပါတယ် လို့ ဂျော်နသန်ကူးလားက သူ့စာအုပ် (Literary Theory, 2011) မူမှာတော့ ပညာရပ်ဆိုင်ရာ “term” အနေနဲ့ ကျွန်တော်တို့ ၁။ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေမှာသုံးတဲ့ သီအိုရီ (အချိုး(ဝါ)အပိုင်းကိန်းများ၏အစုကဲ့သို့) ၂။ အရပ်ပြောသီအိုရီ (most ordinary use of the world theory) တို့ ဖြစ်ကြသည်။ “ဘာကြောင့်လော်ရာနဲ့မိုက်ကယ်ကွဲသွားလဲ? ငါ့သီအိုရီကတော့ . . .” လူတွေအဲဒီလိုပြောလေ့ရှိတယ်။ကောင်းပြီ။ ပညာရပ်နယ်ပယ်မှာ သီအိုရီကို ဘယ်လိုသုံးကြသလဲ။ ဒါကို သေချာကွဲပြားအောင် သိရမယ်။ သီအိုရီဟာ ခန့်မှန်းခြင်း “guess” မဟုတ်။ ဆိုလိုသည်မှာ သီအိုရီသည် တွေးမြင်ယူဆချက်မဟုတ်ပေ။ သို့ပါလျှင် ယခု ကျွန်တော်တို့ပြောဆိုမည့် သီအိုရီသည် မည်သည့်အရာကို ဆိုလိုပါသနည်း။ သီအိုရီသည် ခန့်မှန်းခြင်း (guess) နှင့် ကွဲပြားရသောအကြောင်းမှာ “guess” သည် ကုပ်တွေးမိတာက . . . လော်ရာဟာ မိုက်ကယ်မွှေတဲ့အတွက်ကြောင့် အတော်ပင်ပန်းနေပြီ၊ ဒါပေမယ့် သူတို့မိတ်ဆွေ မေရီ ဒီကိုလာမှပဲ ငါတို့သေချာသိရမယ်။ ဒါက ခန...