မြဲဆုပန်

မကိုဋ်ထားတည် ထွတ်ဘုန်းစည်လျင် ကြွလည် မြွတ်ဖိတ် မိန့်ဗျာဒိတ်ကြောင့် နိမိတ်ငါးဆူ ပေါ်သောဟူရှင့် နတ်လူတည်ကြ သောပူရတွင် သတ္တနာမံ ကမ္ဗည်းခံသည် တောင်ယံမြင့်မား မင်းခြောက်ပါးတို့ ရှေးဖျားစတည် ငါးမာရ်နည်ကို ထူးမည်သာလှ ကပ်သာရထက် ဇိနဘုန်းလျှံ သိဒ္ဓတ်စံသည် ရွှေနံတူပန်း တင်ဆက်မြန်းရှင့် ဓာတ်ဆန်းလေးစုံ ကိန်းဝပ်ပုံသည် ဥဏ္ဏလုံနှင့် ငါးဆင့်နေမည့် အရှင်သောဝိ ။

သမိုက်ပွားစည် ကမ္ဗည်းသည်လျင် ရှစ်မည်ပေါ်ထွန်း မျှို့အောင်ခန်းက ရေသွန်းအခါ လျှောက်မည်ပါမူ လင်္ကျာမက လေးဒီပကို ပိုင်သမည့်ရှင် မယ့်သခင်လျှင် မယ့်ပြင်တထူး သူတစ်ဦးသို့ မကျူးမကျော် သစ္စာတော်နှင့် ညီလျော်နိုင်မျှ ယခုကတည့် နောက်မှသွေဖည် ရှိလိမ့်မည်ကို ကြံစည်ယူဆ စိုးနှင့်လှရှင့် ဘဝတိုင်းဆုံ မြဲဆုလှုံသည် ဂုဏ်အစုံနှင့် ပွားမြင့်ပေမည့် သခင်သောဝ် ။
                               
                                 ရတု
                                ဦးယာ

Comments

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~