ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း

(၁)


၂၀ ရာစုအစောပိုင်းကာလများဟာ လူသားတို့သမိုင်းကို အကြီးမားဆုံးပြောင်းလဲပေးခဲ့တဲ့ကာလလို့ ပြောမယ်ဆိုရင် မမှားနိုင်ပါဘူး။ ပထမကမ္ဘာစစ်နဲ့ ရုရှားတော်လှန်ရေးတွေဟာ လူသားတို့ကမ္ဘာကြီးကို တပ်လှန့်လှုပ်နှိုးပစ်လိုက်သလိုပါပဲ။ စက်မှုနည်းပညာရှုထောင့်က ကြည့်ရင်တော့ ဖရွိုက်နဲ့အိုင်းစတိုင်းတို့ ရှာဖွေ တွေ့ရှိမှုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဆန်းသစ်ပစ်လိုက်သလိုပါပဲ။ စက်မှုခေတ်အဖြစ်ကို အသွင်ပြောင်းလာခဲ့တယ်ဆိုပါတော့။ လူသားသိမှုကို အစဉ်အလာဆန့်ကျင်ပြီး ပြောင်းလဲပေးလိုက်တာပါ။ ရိုးရာအရသာ သွေဖီတဲ့ဝတ္ထုနဲ့ ကဗျာလို့ ဆိုရမယ့် ဂျိမ်း(မ်)ဂျွိုက်(စ်) (Joyce) နဲ့ တီအက်(စ်)အဲလီးယော့(ထ်) တို့ရဲ့ ဝတ္ထုဖြစ်တဲ့ ယူလီဆီး(စ်) နဲ့ ဖုန်းဆိုးမြေ (Ulysses and The Waste Land) တို့ဟာ ၁၉၂၂ မှာ ပေါ်ထွက်လာတယ်။ အဲဒီလက်ရာတွေဟာ မော်ဒန်ဝါဒရဲ့ အသစ်ဖြစ်တဲ့ ခံစားမှုကို မှတ်ပုံတင်လိုက်သလိုပဲ၊ အဆက်အစပ်မဲ့အာရုံခံစားမှုက “သိမှုစရိုက်” ကို ဖော်ပြပေးခဲ့တယ်။ ဒါကြောင့်ပဲ သီအိုရီဆရာဖြစ်သူ မာရှယ်ဘားမန်း (Marshall Berman) က အဲဒီအချိန်မှာ ရှိနေတဲ့ လူသားတွေရဲ့ ဘဝကလာတဲ့ ကျိုးပဲ့နေတဲ့ အခြေအနေကပေးတဲ့ ရောင်ပြန်ဟပ်မှုဟာ မော်ဒန်သမားတွေရဲ့ အာရုံခံစားမှုကို အဓိပ္ပါယ်သတ်မှတ်လိုက်သလို ရှိခဲ့တယ်လို့ သူ့အမြင်ကို ဆိုပါတယ်။
(၂)
ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း

အဲဒီ ၂၀ ရာစု အစောပိုင်း အနုပညာလှုပ်ရှားမှုတွေဟာ အတွေးအခေါ်အသစ်တွေကို ပြင်းထန်ထိရောက်စွာပဲ ရောင်ပြန်ဟပ်ပါတယ်။ အဲဒီလိုပဲ အသစ်တီထွင်ထားတဲ့ ပညာရပ်ဆန်တဲ့ စကားလုံးတွေကပဲ အနုပညာလှုပ်ရှားမှုတွေရဲ့ အမည်နာမတွေ ဖြစ်လာပါတယ်။ ကျုဗစ်ဇင် (Cubism) နဲ့ အနာဂတ်ဝါဒီ (Futurism) တို့လိုလှုပ်ရှားမှုနာမည်တွေပါ။ အဲဒီဝါဒတွေဟာ (၁၉၁၀- ၁၉၁၃) ကာလများမှာ ဒီရေအမြင့်ဆုံးဖြစ်ခဲ့ပြီး ရိုးရာပန်းချီရေးချယ်မှု မျက်နှာပြင်ကို ကျော်လွန်ပြီး ခရီးပေါက်ခဲ့ကြပါတယ်။ ဒါတင်မကဘဲ သူတို့ရဲ့ သိမှုအဆောက်အအုံကို သက်သေပြခဲ့ကြတယ်။ အဲဒီလို ခိုင်မာတဲ့ သိမှုကို ချပေးနိုင်လို့ပဲ ဒါဒါနဲ့ ဆူရီရယ်ဝါဒတွေကို ကျွန်တော်တို့ လေ့လာစရာအဖြစ် ပေါ်ထွက်လာတာပေါ့။ “ဒါဒါဝါဒ” က ပထမကမ္ဘာစစ်ကြီးကြောင့်ဖြစ်တဲ့ စိတ်အာရုံထဲကို တစ်ကျော့ပြန်ဝင်ရောက်တာလို့ သူ့ကိုယ်သူမြင်ရင် “ဆူရီရယ်” က အဲဒီစိတ်အခြေအနေက ဖုံးကွယ်ထားတဲ့ စိတ်အလွှာကို လှုပ်နှိုးရှာဖွေတာပါပဲ။ ဒီတော့ အခု ကျွန်တော်တို့ လေ့လာသင့်တာက အဲဒီ ဒါဒါနဲ့ဆူရီရယ်လှုပ်ရှားမှုတို့ရဲ့ နောက်ခံသမိုင်းတစ်ခုနဲ့ တစ်ခု ထပ်လျှက် အနေအထားသွားကျရောက်နေတဲ့ အစိတ်အပိုင်းကိုပါ အသေးစိတ်နည်းနည်း သွားကြည့်ရအောင်။

၁.၁။ ။ အဗွန်ဂါတ်(ဒ်) (Avant-garde)

ဒါဒါနဲ့ ဆူရီရယ်လောက် ဘယ်အနုပညာက တော်လှန်အသွင်ပြောင်းတဲ့ Avant-garde ဖြစ်မလဲ။ အဲဒီ avant-garde ဆိုတဲ့ အသုံးကိုတော့ ၁၈၂၀ မှာ ပြင်သစ်ဆိုရှယ်လစ်တစ်ဦးဖြစ်တဲ့ ဟင်နရီဒီစိန့်ဆိုင်မွန် (Saint-Simon) ဆိုသူက သုံးခဲ့တာဖြစ်ပြီး ကနဦး ရည်စူးတာက စစ်တပ်ဆိုင်ရာ ကွယ်ဝှက် အဓိပ္ပါယ်အနေနဲ့ပါ။ နောက်တော့ အဆင့်မြင့်အနုပညာပြောင်းလဲမှု (တော်လှန်ရေး) ရယ်လို့ အနုပညာရှင်တွေက ဆွဲယူသုံးစွဲခဲ့တာဖြစ်တယ်။ အထူးသဖြင့် မော်ဒန်အနုပညာရှင်တွေပါပဲ။ ၁၉ ရာစုမှာ အနုပညာရှင်တွေဟာ အနုပညာနဲ့ ပတ်သက်ပြီး အရင်းရှင်အာရုံခံစားမှုရယ်လို အကျယ်တဝင့် ပြောဆိုနေတာတွေ ရှိခဲ့ပါတယ်။ အနုပညာဆိုတာ အရင်းရှင်လူတန်းစား ပိုင်ဆိုင်တဲ့အရာဖြစ်ပြီး အရင်းရှင်အသက်မွေးဝမ်းကျောင်း သင်ကြားရာနေရာမှာ ပြသထားတဲ့ အရာရယ်လို့ ပြောဆိုနေခဲ့ကြပါတယ်။ အဲဒီ အနုပညာဆိုတာက အရင်းရှင်တွေ နိစ္စဓူဝကိစ္စတွေဆီက ခေတ္တရှောင်ထွက်အပန်းဖြေစရာ အရင်းရှင်ဖျော်ဖြေရေးနဲ့ အတူတူပါပဲလို့ ဆိုပါတယ်။
(၃)
ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း

အဲဒီလိုပဲ ၂၀ ရာစု အနုပညာတွေကို သြဇာလွှမ်းမိုးခဲ့တဲ့ ဒါဒါနဲ့ ဆူရီရ်လည်း ပေါ်ပေါက်လာခဲ့တယ်။ အဲဒီဝါဒတွေနောက်ကွယ်မှာ တုံ့ပြန်တဲ့ (ဆန့်ကျင်တဲ့) နိုင်ငံရေးအကျိုးအကြောင်းတွေလည်း ရှိနေပြန်တယ်။ ဥပမာအားဖြင့် တည်ဆောက်ရေးဝါဒ (Constructivism) ဟာ ရုရှနိုင်ငံ ဗော်ရှီဗစ်တော်လှန်ရေးကို တုံ့ပြန်တဲ့ တုံ့ပြန်မှုဖြစ်တယ်။ သူတို့ (အဆိုပါဝါဒကိုကိုင်စွဲသူ)တွေက သူတို့ရဲ့ ယုံကြည်ချက်ဖြစ်တဲ့ အနုပညာဟာ လူထုကို ဆက်သွယ်ဖို့ နည်းလမ်းသစ်တစ်ရပ်လိုကြောင်းနဲ့ လူထုအသိနဲ့ယှဉ်မယ့် အနုပညာပုံစံသစ်တွေ ပေါ်လာသင့်ကြောင်းကို အနုပညာရပ်ဝန်းကို မျှဝေဝါဒဖြန့်ကြတယ်။ ဆိုလိုတာက လူထုတပြေးညီ စားသုံးခွင့်ရှိတဲ့ အနုပညာသစ်တွေကို တင်သွင်းဖို့ပဲ။ ရိုးရာလေ့လာသူ သီအိုရီဆရာတစ်ဦးဖြစ်တဲ့ ပီတာဘာဂါ (Peter Bürger) ကတော့ ၁၉၇၀ လောက်တုန်းက ပြောခဲ့တာလေးရှိပါတယ်။ ၂၀ ရာစုအစောပိုင်း ဥရောပအနုပညာတော်လှန်ရေးမှန်သမျှ အောက်ခြေဖောင်ဒေးရှင်းအိုင်ဒီယာဟာ အနုပညာရဲ့အကြွင်းမဲ့ အုပ်စိုးမှု (autonomy) ကို ဦးစားပေးထားတဲ့ အနုပညာသည် အနုပညာအတွက် (art for art’s sake) ကိုပဲ သူ့အခေါ် ဘဝရဲ့အလေ့အကျင့် (praxis of life) ဆီရောက်အောင် ပြောင်းပေးလိုက်တာပဲ။ အနုပညာနဲ့လူထုဘဝကို ဆွဲစပ်ပေးလိုက်တယ်လို့ ပြောချင်တာပါ။ ဒါဒါနဲ့ ဆူရီရယ်ကလည်း ဘာကို လူထုဆီမျှဝေချင်တာလဲ။ အနုပညာတော်လှန်ရေး (avant-garde) ရဲ့ အမိန့်ပြန်တမ်းဆိုတာ လူထုနဲ့ နိုင်ငံရေးတော်လှန်ဝါဒီတွေဟာ အနုပညာအသွင်ပြောင်း ဖန်တီးမှုနဲ့ တွဲဖက်ပြီးမှ တော်လှန်ကြဖို့ တိုက်တွန်းတဲ့ကြေညာချက်ပါပဲ။ ရသကြည်နူးမှုအလွန် အနုပညာရှင်ရဲ့ ရည်ရွယ်ရာကတော့ လူသားတွေ (လူထုတွေ)ရဲ့ဘဝကို အကျိုးသက်ရောက်မှု တစ်စုံတရာဖြစ်စေရေးရယ်ပါ။ ပြီးတော့ လူထုကို ကွဲပြားတဲ့ အမြင်ရအောင် ပေးဆပ်ဖို့ပါပဲ။ ဆူရီရယ်သမားတွေရဲ့ ရည်ရွယ်ချက်ဆိုတာ ပြင်သစ်ကဗျာဆရာကြီး အာသာရင်းဘိုး ပြောသွားတဲ့ ဘဝပြောင်းဖို့ (change life) ထက်ဘာမှမပိုပါဘူး။
စာတပိုဒ်ကျန်ခဲ့လို့ပြန်တင်လိုက်တာပါ။

(၄)
ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း

ဒီတော့ အထက်ကအတိုင်းပဲ ၂၀ ရာစု အစပိုင်း အနုပညာရှင်တွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြတာက အနုပညာဆိုတာ ဘာနဲ့ အဓိပ္ပါယ်ညီနေသလဲဆိုတော့ အရင်းရှင်တစ်ကိုယ်တော်ဝါဒ အဲဒီလိုမြင်တယ်။ အဲဒီမှာ ရုရှပန်းချီဆရာ ဂုစတပ်ကားဘတ် (Gustave Courbet) လို ပုဂ္ဂိုလ်က ဆိုရှယ်လစ် ဦးတည်ချက်တစ်ခုနဲ့ အနုပညာကို ရောမွှေပစ်ရင် အနာဂါတ်အနုပညာလောကမှာ အငြင်းပွားစရာဖြစ်စေမယ့် ဝါဒတွေပေါ်ပေါက်မယ့် လမ်းစအဖြစ် အနုပညာတော်လှန်ရေး “avant-garde” ဝိဥာဉ်ကို ခေါ်တော့တာပါပဲ။ ဒါကြောင့် ၂၀ ရာစု အစောပိုင်းမှာ အီတလီ၊ ရုရှနဲ့ ဟော်လန်လို ဥရောပနိုင်ငံတွေမှာ ဝါဒသစ်တွေ ပေါ်လာတယ်။

- အီတလီမှာ အနာဂါတ်ဝါဒလို့ခေါ်တဲ့ “Futuism”
- ရုရှမှာတော့ တည်ဆောက်ရေးဝါဒလို့ ခေါ်တဲ့ “Constructivism”
- ဟော်လန်(နယ်သာလန်) "စတိုင်"လို့ အင်္ဂလိပ်လို အဓိပ္ပါယ်ရတဲ့ “De Stijl” တို့ ပေါ်ပေါက်လာခဲ့တယ်။

၂၀ ရာစု မော်ဒန်ဆိုတာ အားလုံးသိပြီးတဲ့အတိုင်း ပီကာဆိုရဲ့ ဆက်စပ်မဲ့ရုပ်ပုံများ (the pictorial fragmentation) နဲ့ ဘရောက်(ခ်) ရဲ့ကုဗဝါဒ (Braque’s Cubism) ပန်းချီတွေဟာ ရိုးရာကို စတင်ချိုးဖောက်ပါပြီ ဆိုတဲ့ ကိုယ်စားပြုအမှတ်အသားတွေပါ။ အဆင့်မြင့်အနုပညာ သမိုင်းဆိုင်ရာနည်းလမ်း တစ်ခုအနေနဲ့ နားလည်လိုက်တာကတော့ မော်ဒန်အသစ်တော်လှန်ရေးဆိုတာက (၁၉) ရာစု နှောင်းပိုင်း ဖြစ်ထွန်းလာတဲ့ ပြင်သစ်အနုပညာရှင်တွေဖြစ်တဲ့ ဂေါ်ဂင် (Gauguin)၊ ဆူရတ်(တ်) (Seurat)၊ ဗန်ဂိုး (Van Gogh) နဲ့ ဆေးဇန်း (Ce’zanne) တို့ဆီက ရလိုက်တဲ့ အမွေပါပဲ။ အဲဒီအမွေဆိုတာကလည်း (၁၈၈၀- ၁၈၉၀) ခုနှစ်များမှာ ပေါ်ထွန်းခဲ့တဲ့ သင်္ကေတဝါဒ ပန်းချီဟန်တွေပါ။
(၅)
ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း

ဆေးဇန်းနဲ့ ဂေါ်ဂီတို့ ပေးသွားတာကဘာလဲ။ အောက်ခံပြင်ညီအပြန့်ပေါ် ယူထားတဲ့ space နေရာကလည်း ပြန့်ကားမှုပေါ် အခွင့်အရေးယူပြီး သဘာဝအရောင်တွေဆီကနေ တော်လှန်ခွဲထွက်တဲ့ အရောင်တွေကို တင်ပစ်တာပါ။ တစ်နည်းအားဖြင့် အရောင်ကို ပျက်အောင်ပုံပြောင်းပစ်နဲ့နည်းနဲ့ ခွဲထွက်သွားတယ်။ သဘာဝတရားကြီးရဲ့ အရှိအရောင်ကို လိုက်ဆွဲပြတာမဟုတ်ဘူး။ ဒီနည်းနဲ့ ရီနေဆန်းခေတ်ကတည်းက ဆွဲလာတဲ့ ရုပ်ပုံဆိုင်ရာ တင်ပြမှု ရှေးရိုးအစဉ်အလာကို မြောင်းထဲပို့တော့တာပဲ။ ဥပမာအားဖြင့် ပန်းချီဆရာတွေ အစဉ်တစိုက် လိုက်နာခဲ့တဲ့ ဆုံချက်အမှတ်တစ်ခုမှ အနီးအဝေးကွာသွားပုံ (linear perspective) အယူအဆကို စွန့်လွှတ်လိုက်ပါတယ်။ ၁၉၀၇ က ဆွဲခဲ့တဲ့ ပီကာဆိုရေဆေး “the proto-Cubist Lex Demoiselles” ကိုကြည့်ပါ။(အောက်ပုံ) တစ်ချိန်တည်းမှာပဲ ဂျာမန် အိတ်(စ်)ပရက်(စ်)ရှင်းနစ်ဝါဒီ (German Expressionism) နဲ့ ပြင်သစ် ဖောင်ဗီဇင် (French Fauvism) တွေဟာ သဘာဝမဟုတ်တဲ့ အရောင်တွေကို တီထွင်သုံးစွဲခဲ့ကြတယ်။
(၆)
ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း

ဒါဒါနဲ့ ဆူရီရယ်ဝါဒတွေဟာ ကျူဗစ်ဇင် (Cubism)၊ အိတ်(စ်)ပရက်(စ်)ရှင်းဝါဒ (Expressionism) နဲ့ အနာဂတ်ဝါဒ (Futurism) နဲ့ ချိတ်ဆက်ပူးတွဲနေတယ်။ ဘယ်နေရာမှာလဲဆိုတော့ ပန်းချီဆရာတွေရဲ့ အရာဝတ္ထုတင်ပြမှုဘာသာဗေဒ (Pictorial Language) မှာ ကူညီနေတာတွေ့ရတယ်။ ကျူဗစ်ဇင်ဝါဒ ဖြတ်ဆက်ကော့လာ့ဂ်ျ ရုပ်ပုံတင်ပြမှုဟာ ဒါဒါဝါဒဓါတ်ပုံဖြတ်ဆက် (Photomontage) နဲ့ အခိုက်အတန့်အားဖြင့်တော့ တူညီနေသလိုရှိတယ်။ ဒါပေမယ့် ဒါဒါနဲ့ဆူရီရယ်သမားတွေဟာ ကျူဗစ်ဇင်တွေရဲ့ အိုင်ဒီယာတွေကို လုံးလုံးမမှီခိုနေကြပါဘူး။ ကျုဗစ်ဝါဒီတွေဟာ ရှုမြင်သူတွေကို အထိတ်တလန့်ဖြစ်စေပြီး အစစ်အမှန်တရားအပေါ် အမြင်ကို ပြန်လည်သုံးသပ်စေခဲ့တယ်။ ဒါဟာ အနုပညာဟာ အနုပညာအတွက် အယူအဆဘက်ကို လုံးဝရောက်သွားတာပါ။ ဒါဒါနဲ့ ဆူရီရယ်သမားတွေရဲ့ ရည်ရွယ်ချက်က အဲဒါထက်ပိုပါတယ်။ အနာဂါတ်ဝါဒီတွေကတော့ အရှိန်အဟုန်အားကိုယူပြီး ရှုမြင်သူတွေကို မတူတဲ့ ခံစားမှုရှိတဲ့ ကမ္ဘာကြီး အသက်ဝင်နေပုံကို ပေးချင်တဲ့ စိတ်အရင်းခံက ရောင်ပြန်ဟပ်တဲ့ ရည်ရွယ်ချက်ဖြစ်ပြီး ဒါဒါနဲ့ ဆူရီရယ်ကတော့ အသိကို သူ့အလိုအလျောက်ရအောင် လုပ်ပေးတဲ့ ရည်ရွယ်ချက်ပါ။
(၇)
ဒါဒါနှင့် ဆူရီရယ်ဝါဒ။ သမိုင်းကြောင်းလေ့လာခြင်း

အဲဒီကတိအနှောင်အဖွဲ့ကြောင့် အသက်ဝင်နေဖို့အသိဟာ ဒါဒါနဲ့ဆူရီရယ်ဝါဒတွေကို အဓိပ္ပါယ်ဖွင့်ရာမှာတော့ ဘဝနဲ့မပူးကပ်ပဲ တည်ထားတဲ့ တစ်စုံတစ်ရာလိုမျိုး မရှင်းလင်းမသေချာတဲ့ အနုပညာရဲ့ အိုင်ဒီယာဖြစ်တယ်လို့ ဖွင့်ဆိုရမှာဖြစ်တယ်။ ဒီအချက်ကြောင့် အနုပညာသမိုင်းမှာ ဒါဒါနဲ့ ဆူရီရယ်ဟာ သီးခြားဟန်ရှိတဲ့ ဝါဒတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီဝါဒနှစ်ရပ်လုံးမှာ ပန်းချီ အမြင်စာပေဆိုင်ရာမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိခဲ့ကြပါတယ်။ အုပ်စုလိုက် ပန်းချီ၊ ပန်းပု အဖွဲ့တွေ အနေနဲ့ ခေါင်းစဉ်တပ်ရတာထက်စာရင် အိုင်ဒီယာထုတ်ပုံကို ပိုပြီး ထိရောက်စွာ ဖော်ပြကြပါတယ်။ အသင့်လုပ်ထားတဲ့ အနီးအနားအရာဝတ္ထု၊ စာသားနဲ့ဓါတ်ပုံတွေဟာ ဒါဒါဝါဒမှမဟုတ် ဆူရီရယ်ဝါဒသဘောသက်ရောက်တာချည်း ပါပဲ။ အရာဝတ္ထအပေါ် ကျဉ်းမြောင်းတဲ့ အနုပညာတန်ဖိုး တန်ဖို့ သတ်မှတ်ထားတာကို ဒါဒါတွေ အဓိက မယုံကြည်ကြပါဘူး။ ဒါကြောင့်ပဲ ဒီဝါဒနှစ်ရပ်ကို ဖြစ်ပေါ်ပုံကို သမိုင်းနဲ့ချီပြီး လေ့လာရတော့မှာဖြစ်တယ်။

Comments

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~