အငွေ့ပျံမှု (Evaporate)

ဒီနေ့တော့ နေ့က သိပ်ရှည်တာပဲ
ကျွန်မနေဝင်မှ ရောက်ခဲ့တယ် ။

ဒီနေ့မနက်ဟာ
ဒီနေ့မနက်ဖြစ်ခဲ့တယ်ဆိုတာလည်း ကျွန်မမေ့နေခဲ့တယ် ။

အဲဒီဟာ ကြည့်ရတာ သိပ်ဝေးလွန်းတယ် ။
မနေ့ကလို
ဒါမှမဟုတ် တစ်နေ့ကလို
နောက်နေ့တွေ
နောက်နေ့တွေ
နောက်နေ့တွေ ဖြေလျှော့ခဲ့
နာရီတွေထဲ ကြားနေရာဖြစ်တဲ့ ကျွန်မက
ကနဦးအိပ်ယာက နိုးထတဲ့အခါနဲ့ 
အခုထိုင်နေတဲ့အချိန်မှာ ။

ကျွန်မငယ်ငယ်ကထက် အများကြီးပိုပြီး မိနစ်တွေ သွားနေတာ ကျွန်မသတိထားမိတယ် ။

ဒီနေ့တော့ မှန်ထဲကျွန်မမျက်နှာကို ကျွန်မကြည့်ခဲ့မိတယ် ။

ကျွန်မ ဆံပင်ကို ကျွန်မကျစ်လိုက်တယ် ။

ဂါဝန်ရှည်တစ်ထည် ဝတ်လိုက်တယ် ။

ဒီနေ့ကလေးတစ်ယောက်
ကြီးထွားလာတဲ့ ကျွန်မလက်ကို ထိတ်လန့်လေ့ရှိတယ် ။

နောက် သူမဟာ ဆဌမတန်းထဲ ရှိခဲ့တယ်လို့ ကျွန်မကို ပြောခဲ့တယ် ။

အဲဒါက သူမဟာ
ချူခြာတဲ့ မီးခိုးဖြူမိန်းကလေးမဟုတ်ခဲ့ဘူးလို့ သူမပြောသလို
အဲဒါက သူမဟာ
ကျွန်မဖြစ်ခဲ့ပါတယ်လို့ ကျွန်မကို တွေးမိအောင် ဖန်တီးခဲ့သလိုရယ်
ကျွန်မဟာ လမ်းနံဘေးက ရေတွေလို
ကျွန်မအစိတ်အပိုင်းတွေ အငွေ့ပျံတာ ကြည့်နေမိတယ် ။

ဒီရေစိုနေတဲ့ မီးခိုးမြူဟာ
ညဘက် အငွေ့ပျံရေစက်တစ်စက်
မနက်မရောက်ခင်ပဲ ထွက်ခွာသွားပြီလေ ။

မူရင်း - ဆာရာကေး
ဘာသာပြန် - ဇော်ဇော်ထွန်း

Comments

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~