( က ) ပွင့်ထုံးဆန်း
၁ ။
ရတနာပူရ ရွှေဝမြောက်ပါး မြစ်နားကမ်းခိုင်း
စစ်ကိုင်းချောက်ယံ စင်္ကြအနား
ဥယျဉ်ဖျားဝယ် ဖြူထွားဝတ်ဆံ
ဖူးခွံနီလာ ထွတ်ထွတ်ပြာသား
မြညှာနွယ်ပန်း ပွင့်ထူးဆန်းသည်
ပြည့်ဝန်းပြာသိုလလယ်သောဝ် ။ ။
၂ ။
အောင်မြေအချက် ကျွန်းသန်လျက်ဝယ်
ကျောက်စက်ယဉ်ဟုန် နည်မမှုန်သည်
စမုန်သီတာ မက္ခရာနှင့်
သုံးဖြာမြစ်မ ပေါင်းရစ်ကြ၍
နန်းမရှေ့ဘက် ကြက်ယက်တောင်ပါး
အင်းယံနားဝယ် နတ်များစိုက်လှာ
အလိုငှါလျင် များစွာပွင့်ငုံ
ကြားမျိုးစုံသည် မြစ်ဆုံဧရာဝ ၀ယ်သောဝ် ။ ။
၃ ။
ငါးမည်မျိုးတွင် အရိုးသန္တာ
နှစ်စုံမြွာသား နီလာချပ်ရံ
ဝတ်ဆံပုလဲ မြပေါက်ကြဲသို့
ရခဲထူးဆန်း ဆောင်းတွင်းပန်းကို
ကြဌာန်းဇမ္ဗူကျိုက်ဆူကြည်ညွတ်
ပုညတွတ်ဝယ် စိတ်ပြတ်သဒ္ဒါ
မိတေးယာ၌ ကျွတ်ခါအထူး
တင်ဆက်လှူသည် အိမ်သူရှင်သာမမယ်သောဝ် ။ ။
ရှင်အုံးညို
Comments
Post a Comment