နင့်အတွက် လက်ဆောင်တစ်ခု

အီလင်းမိုင်(စ)ကဗျာတပုဒ်ကိုတင်ဖူးတယ်။အဲဒီကဗျာကလိုင်းပေါ်ကပါ။
သူ့ရဲ့မိန်းမမဆန်တဲ့သွင်ပြင်နဲ့ကဗျာမဆန်တဲ့လိုင်းတိုတွေကြောင့်ကျွန်တော်စတင်သတိထားဖြစ်ခဲ့တယ်။
ဒီနေ့တော့အီလင်းရဲ့စာအုပ်လက်ထဲရောက်လာပါပြီ။
ကာဗာမှာအဲလစ်နော့လေးကမှတ်ချက်ရေးပေးထားပါတယ်။
သူတို့ခေတ်ပြိုင်တွေဆိုပမယ့်အဲလစ်ဟာဘာသာစကားကဗျာဘက်ကိုယိမ်းသွားပြီးအီလင်းကတော့လိုင်းတိုတွေထဲကူးခပ်နေဆဲပါပဲ။ သူ့ကဗျာလေးပြန်တင်ပေးလိုက်တယ်။

နင့်အတွက် လက်ဆောင်တစ်ခု

၅.၃၀ တစ်ဝိုက်ဟာ
လှပငြိမ်းချမ်းတဲ့ တစ်ခုသောအချိန်
နင်ဟာကြားနိုင်ရုံ
ခွေးတစ်ကောင်ခုန်နေတာ
ဒေးဗစ်က သူ့စီးကရက်ကိုပင့်
သူ့ရဲ့နှုတ်ခမ်းမှာအမြဲတမ်း တွဲလျားချထား
မေးဖျားအားလုံးရဲ့အလယ်ဗဟိုမှာ
အပေါ်လွှာပေါ်မှာတပ်ထား
ဒါမှမဟုတ် အဲဒီလို။
ပါတီတစ်ခုမှာ အဲဒါက
ငါ ပြောခဲ့တာက ငါ့ရဲ့စုဆောင်းထားတဲ့
အလုပ်တွေနဲ့ တစ်ဦးချင်းစီ
အားလုံးကရောမွှေခဲ့တဲ့ ငါ့အိမ်ဟာ
သိပ်ကို သေးငယ်ခဲ့သလား
ငါကတော့ တစ်ခုကို မရည်ရွယ်
လူသားဆန်မှု ရည်ရွယ်ချက်တစ်ခုထဲကို
ဒီအချိန်လေးတစ်ခုမှာ
ဒါပေမယ့် ငါဟာ
အဲဒီအရာကိုဆန့်ကျင်မှာမဟုတ်
အဲဒီအရာတူနေတာက
လေလျော့နေတဲ့
သောင်ပြင်ကစားဘောလုံး
သေးငယ်တဲ့
ကုလားထိုင်တစ်လုံးပေါ်မှာ
နောက်ပြောင်နေသလိုငါစဉ်းစား
ပိုပြီးကြီးတဲ့အရာတစ်ခုက
ပန်းချီကားပေါ်လေထဲမှာမျှောနေတာနဲ့အတူ
ငါ့အိမ်ဟာ ကြီးမားတဲ့
အချစ်နဲ့ လုပ်ထားတဲ့
တစ်ချိန်ကကြီးခဲ့တာ အားလုံး
ယူဖို့မဟုတ်
ဂျွန်ဝီးနား(စ်)
ကျေးဇူးပြုပြီး အဲဒါက
တစ်စုံတစ်ယောက်ရဲ့
အိမ်က ပါတီတစ်ခု
အတွက် ပြည့်စုံတယ်
ခုတော့ ကျွန်မဟာ
အမြန်သွားနေတယ်။
ဘယ်လို
ဒီမူးယစ်ဆေးဝါးတစ်ခုရဲ့
ဖော်ပြချက်တစ်ခုကဝင်လာ
အခန်းတစ်ခုနဲ့ အခန်းတစ်ခုကို
ပြောင်းလဲပစ်
ဒါကြောင့်
အမြန်သွားတာနဲ့အတူပြောတယ်
ဒါကြောင့်
အကယ်၍ နင်ဟာ
ဖြည်းဖြည်း သွားချင်တယ်ဆို။
သောက်ဖို့
ဒီ မှားတဲ့အရာက
ခဏဖြစ်မှုတစ်ခုအတွက်
နင့်အတွက်
ငါ့ပေါင်သားတွေ& ငါ့ကို
ယုံပါ အချစ်ကလုပ်တာ သေးငယ်
တစ်ချိန်ကဒီနေရာရှိခဲ့ရုံလေး
လိင်ကိစ္စ အိမ်တစ်လုံးနဲ့မတူ
အိမ်တစ်လုံးကို ငါချစ်တယ်
အိမ်တစ်လုံးကို ငါထိတ်လန့်တယ်
အိမ်တစ်လုံးဟာ ဘယ်တော့မှ
ပွင့်လင်းစွာ လဲလျောင်းခြင်းကို မရဘူး
ဟော်တယ်အခန်းတစ်ခုကို
မကြိုက်တဲ့သူမျိုး
ငါက သီးသန့်ဖြစ်တဲ့
ဟော်တယ်အခန်းတစ်ခုထဲနေတယ်။
ငယ်ရွယ်တဲ့
လူတစ်ယောက်က
ငါ့လိုမျိုး သိပ်တူခဲ့
ရက်စက်လေတဲ့သူဘာ
ကိုယ်ရေးကိုယ်တာဓါတ်ပုံမှမရှိ
သူ့ရဲ့အရာဝတ္ထုပေါ် နင်မသိခဲ့
ငါ့မှာရှိခဲ့ သိပ်များတဲ့ အရာ
ငါ့အထဲမှာ ငြိမ်းချမ်းခြင်းရဲ့
ဆွဲခြင်းတောင်းတွေ
ငါမသွားချင်ပါဘူး
စာကြည့်တိုက်အားလုံး
နင့်အပေါ်ရှိတဲ့
အခု ငါ့အမေလိုပဲ
ဘုရားငယ်ရဲ့
မယ်တော် သို့မဟုတ်
ငါ့အစ်ကိုနာမည်က
ဂျက်ဆိုတဲ့လူ
ဖဲချပ်တွေရဲ့
ကွန်းဆက်တစ်ခုထဲကို ထိုင်ချ
ရနေတာခက်ခဲတဲ့
& နင့်ရဲ့ပျားရည်မျက်နှာ
ငါတွေ့တဲ့ခွေးနာမည်က
လက္ဇ္ဇီး
တစ်ခါတုန်းက၊
ငါတွေ့ခဲ့တဲ့ တစ်ကောင်သော
ခွေးကို အယ်လန်လို့ခေါ်တယ်
ဒီ တည်ငြိမ်တဲ့
ဒီလိုရေးနေ
သူမက တည်ငြိမ်တဲ့ကဗျာတွေ
ခုနဲ့ နောက်
သူမကပြ
သူမရဲ့မြတ်တဲ့
နှလုံးသား
သူမ ဖွင့်ဟ
သူမရဲ့ ရင်ဘတ်နဲ့
တစ်ကောင်သောမျောက်
ဘုရားဟာ ယူနေတယ်
ချီး
ရွှေ့ပြောင်းခြင်းတစ်ခု
သူမကျုံ့လိုက်
အနည်းငယ်
ငါသိတဲ့
အေးဆေးရယူမှုထဲကအရာ
ငါပြောချင်တယ်။
ငါတစ်ခုလုံး
ကို ဖွင့်နိုင်တယ်
အခန်းကအပြင်ဘက်
ထွက်တဲ့အချိန်တစ်ခုစီဟာ
ငါဆိုလိုတဲ့အရာမဟုတ်တဲ့အရာတွေ
ကျယ်လာအောင် နဲ့စီးဆင်းအောင်
အဲဒီမှာ
အဲဒါကို ဦးတည်တဲ့ ရည်ရွယ်ချက်ဘာမှမရှိ ။

                                                အီလင်းမိုင်း(လ်)(စ်)

Comments

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~