မြန်မာကျောင်းသူ


ရေလယ်ခေါင်မှာ ငွေသောင်ထွန်းတဲ့
နတ်သမီးနေတဲ့ ကျွန်းကလေးရယ်၊

သနပ်ခါး ယဉ်ယဉ် ကျောက်ပြင်ကလေးမှာ
ကိုယ်တိုင်သွေးလို့ လိမ်းခဲ့တယ်၊

မ.လေးမှာကွယ် ကျောင်းကိုသွားတော့
သနပ်ခါးနံ့ သင်းလိမ့်မယ်၊

စိုစိုပြေပြေ မေရဲ့ အသားဟာ
သနပ်ခါးကြောင့် မဟုတ်လားကွယ်၊

မြန်မာကျောင်းသူ အလွန်ပီသတဲ့
ရိုးရာအလှ မြတ်နိုးဖွယ်၊

ကိုယ်လက်လှုပ်တာ ကျန်းမာရေးမို့
နံ့သာမွှေးမွှေး သွေးပါ့မယ်၊

မွှေးတယ်၊ သွေးမယ်။ ။

တင်မိုး


Comments

Popular posts from this blog

ပေါ်နွေလလျှင်

(မောနင်းစတားစာစုများ - ၃)

ပိတောက်ပန်း

အချုပ်တန်းဆရာဖေ

ငါးစီးရှင်ကျော်စွာ ကာချင်း

မတ်လတော်လှန်ရေး ~